
ဘားအံမြို့၊ ကမ်းနားလမ်း (စနေနေ့)အခွန်လွတ်ဈေးတွင် ဘားအံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုယ်တိုင်မွေးမြူ၊ စိုက်ပျိုး၊ ထုတ်လုပ်သည့် သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီစသည့် အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများထံသို့ ကိုယ်တိုင်ရောင်းစနစ်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင် များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယခုအပတ်တွင် စားသောက်ကုန် ပစ္စည်း(၁၉)မျိုးဖြစ်သည့် ဝက်သား ၁ ပိဿာ(၁၂၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာ (၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာ (၁၇၀၀၀) ကျပ်၊ ကြက်သား(အိမ်ကြက်)၁၅၀၀၀ ကျပ်၊ ကြက်သား(CP) (၁၁၀၀၀) ကျပ်၊ မွေးမြူရေးငါးကြင်း ၁ ပိဿာ (၇၀၀၀) ကျပ်၊ တီလားဗီးယား ၁ ပိဿာ (၆၀၀၀)ကျပ်၊ ငါးမဲလုံး ၁ ပိဿာ (၆၀၀၀) ကျပ်၊ ယိုးဒယား ငါးခုံးမ ၁ ပိဿာ (၆၀၀၀)ကျပ်၊ ငါးခူ ၁ ပိဿာ (၆၃၀၀) ကျပ်၊ ငါးမုတ် ၁ ပိဿာ (၅၀၀၀) ကျပ်၊ ငါတန် ၁ ပိဿာ (၄၆၀၀) ကျပ်၊ ပလာတူး ၁ပိဿာ (၆၀၀၀)ကျပ်၊ ဘဲဥ ၁ လုံး (၃၀၀)ကျပ်၊ ကြက်ဥ ၁ လုံး (၂၅၀) ကျပ်၊ ကန်စွန်းရွက်၁ စီး (၁၀၀)ကျပ်၊ ချဉ်ပေါင်ရွက် ၁ စီး (၁၀၀) ကျပ်၊ ဂေါ်ဖီထုပ် ၁ ထုပ် (၁၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ ၁ ပွင့် (၁၀၀၀) ကျပ် ၊ စားသုံးဆီ ၁ ပိဿာ (၄၉၀၀) ကျပ်၊ ဧည့်မထဆန် ၁ ပြည် (၂၇၀၀) ကျပ် စသည်ဖြင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အခွန်လွတ်ဈေးများတွင် ရောင်းချနေသော ဈေးနှုန်းများမှာ ဈေးနှုန်းချိုသာပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် ရောင်းသူ ဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)