မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ ဆန်ဈေးနှုန်းများနှင့် စီးဝင်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆန်လိုဒေသဖြစ်သော မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်များအနက် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း မင်းဘူးခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး)၊  ပခုက္ကူခရိုင်တွင် (မနောသုခ) နှင့် ဂန့်ဂေါခရိုင်တွင် (ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ၊ မနောသုခ)ဈေးနှုန်းများမှာ ကျဆင်းနေပြီး ကျန်ခရိုင်များ၌ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ အောက်တိုဘာလ စတုတ္ထပတ်တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၈၈၀၄)အိတ်၊ ပဲခူးတိုင်းမှ ဆန်(၁၀၈၀)အိတ်၊ ရန်ကုန်တိုင်းမှ ဆန်(၄၆၃)အိတ်၊ စစ်ကိုင်းတိုင်းမှ ဆန်(၃၇၀)အိတ်၊ မန္တလေးတိုင်းမှ ဆန်(၈၆၅)အိတ်၊ ရခိုင်ပြည်နယ်မှ ဆန်(၂၀၀)အိတ်၊ စုစုပေါင်းဆန်အိတ် (၁၁၇၈၂)အိတ်၊ (၅၈၉)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန်(၃၃၀၀၀)အိတ်၊  (၁၆၅၀)တန်ဝင်ရောက်ခဲ့ကြောင်းသိရပါသည်။

     ယခုရက်သတ္တပတ်အတွင်းဖြစ်ပေါ်နေသော စပါးဈေးမှာ ဧရာပဒေသာ(အဟောင်း) (၁)တင်း လျှင် ကျပ်(၃၁၀၀၀)၊ ဧရာပဒေသာ(ကုန်ဇောင်း)(၁)တင်းလျှင် ကျပ်(၃၅၀၀၀)၊ မနောသုခ (၁)တင်း လျှင် ကျပ်(၂၁၀၀၀)၊ ဧည့်မထနွေ(သစ်)(၁)တင်းလျှင် ကျပ်(၁၉၅၀၀)ဖြစ်ပြီး မကွေးခရိုင်တွင် ဆန် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၄၀၀၀)၊ (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ (မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၈၀၀၀)၊ (ရတနာတိုး)(၂၄)ပြည်ပါ (၁) အိတ်လျှင် ကျပ်(၇၂၀၀၀)၊ မင်းဘူးခရိုင်တွင် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ (မနောသုခ)(၂၄) ပြည်ပါ (၁) အိတ်လျှင် ကျပ် (၉၀၀၀၀)၊ သရက်ခရိုင်တွင် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၁၅၀၀၀)၊ (ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ (မနောသုခ)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၉၀၀၀)၊ အောင်လံခရိုင်တွင် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၂၀၀၀)၊ (ဧရာပဒေသာ)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ (မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၁၀၀၀)၊ (ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၂၀၀၀)၊ ချောက်ခရိုင်တွင် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ (ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ (မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ (ရတနာတိုး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်တွင် (ပေါ်ဆန်းမွှေး)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ (မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ (ရတနာတိုး)(၂၄)ပြည်ပါ (၁) အိတ်လျှင် ကျပ်(၆၇၀၀၀)၊ ဂန့်ဂေါခရိုင်တွင် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊  (ဧရာပဒေသာ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ (မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၀၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(မကွေး)