တောင်ငူမြို့တွင် ငါးခူနှင့်ပုစွန်အကောင်ကြီး ဈေးအနည်းငယ်တက်

Powered by Drupal

      တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ယခု အောက်တိုဘာ စတုတ္ထပတ်တွင် ကြက်သား (အိမ်မွေးကြက်)မှာ အကောင်လိုက်ဈေး ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်၊ စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက် ဈေး ၁၀၀၀၀ ကျပ်၊ ရင်အုပ်သား ၁၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဝက်သား(ရေလွတ်သား) သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သားမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ ဖြင့် ဈေးနှုန်းအနည်း ငယ် ကျဆင်းပါသည်။

      ငါးကြင်းမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်းဖြူမှာ ယခင်အပတ်က အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိရာမှ ယခု  အပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်နှင့် အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

      ငါးရံ့မှာ တစ်ပိဿာလျှင် အသေး ၁၂၀၀၀ ကျပ်၊ အလတ် ၁၄၀၀၀ ကျပ်နှင့် အကြီး ၁၆၀၀၀ ကျပ်၊ ငါးခူမှာ တစ်ပိဿာလျှင် အသေး ၁၂၀၀၀ ကျပ်၊ အလတ် ၁၄၀၀၀ ကျပ်နှင့် အကြီး ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

   ပုစွန်ဆိတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ပုစွန်အလတ်မှာ တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုစွန်အကြီးမှာ ယခင်အောက်တိုဘာ တတိယပတ်က တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ရှိရာမှ ယခု အောက်တိုဘာ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ကြောင်း ညောင်ပင်ဈေးရှိ အသားငါးအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)