မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်းသိရသည်။
မကွေးကုန်စည်ဒိုင်တွင်၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)၌ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၃၀၀၅၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် (၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၄၀၀)ခန့်၊ နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၄၀)ခန့်၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ် (၁၁၈၀၅၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၁၀၂၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ (၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး)(၁)တင်းလျှင် ကျပ်(၁၀၆၉၅၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၂၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခု (စတုတ္ထပတ်)တွင် နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၃၁၅၀)နှင့် နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်တို့(၁၀၅၀)ဖြင့် အသီးသီးဈေးမြင့်တက်ခဲ့ပါသည်။ နှမ်းနီမှာ ကျပ်(၁၉၅၀)ဈေးလျောခဲ့ပြီး နှမ်းညိုကြားနှင့် နှမ်းနက်(ရိုးရိုး)မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရသည်။
ပဲဈေးနှုန်းများမှာလည်း အောက်တိုဘာလ(စတုတ္ထပတ်)၌ ပဲတီစီမ်း(၁)တင်းလျှင် ကျပ် (၅၉၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင်(၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၄၀၀)အိတ်ခန့်၊ ကုလားပဲ(HL) (၁) တင်းလျှင် ကျပ်(၈၇၉၇၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၄၀)အိတ်ခန့်၊ ကုလားပဲ(929)(၁)တင်းလျှင် ကျပ် (၈၈၇၃၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၆၀)အိတ်ခန့်၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၁၀၆၉၇၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀)အိတ်ခန့်၊ ပဲကြီးမဲ(၁)တင်းလျှင် ကျပ်(၈၅၀၂၅)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၄၀)အိတ်ခန့်၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ (၄၀)အိတ်ခန့်၊ မြေပဲဆီဆံ(အောက်ကျ)(၁)တင်းလျှင် ကျပ်(၅၈၅၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၄၀၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခု(စတုတ္ထပတ်)တွင် ပဲတီစိမ်း၊ ကုလားပဲ(HL)၊ ကုလားပဲ(929)၊ ပဲကြီးဖြူ၊ ပဲကြီးမဲတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။ မတ်ပဲမှာ ကျပ်(၃၀၀၀)ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြေပဲဆီဆံ(အောက်ကျ)မှာ ကျပ်(၆၀၀၀)ဈေးလျော့ကျခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ(စတုတ္ထပတ်)၌ မကွေးမြို့မှ မန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် နှမ်း(၅၀၀၀) အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၁၃၀၀)အိတ်၊ စုစုပေါင်းနှမ်း (၆၃၀၀)အိတ်၊ မကွေးမြို့မှ မန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် မြေပဲ (၁၀၀၀)အိတ်၊ ကုလားပဲ(၁၅၀၀)အိတ်၊ ပဲတီစိမ်း(၁၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၁၀၀၀)အိတ်၊ ကုလားပဲ(၅၀၀)အိတ်၊ ပဲတီစိမ်း(၁၀၀၀)အိတ်၊ စုစုပေါင်း(၆၀၀၀)အိတ်တင်ပို့ ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှသိရပါသည်။
DOCA(မကွေး)