မိုးညိုမြို့နယ်တွင် မိုးစပါးများ လှိုင်လှိုင်ထွက်ရှိနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် မိုးစပါးများ လှိုင်လှိုင်ထွက်ရှိနေ ပြီဖြစ်ရာ တောင်သူများအနေဖြင့် ထွက်ရှိသောစပါးများကို နီးစပ်ရာမြို့နယ်များဖြစ်သော လက်ပံတန်း၊ မင်းလှ၊ကြို့ပင်ကောက်၊ ဇီးကုန်း၊နတ်တလင်းစသည့် ဒေသတွင်း ဆက်သွယ်ရေး ကောင်းမွန်သော မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ မိုးညိုမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်/စပါးကုန်သည်ကြီးများကလည်း မိမိတို့နီးစပ်ရာ တောင်သူများထံ လယ်ကွင်းများ အရောက်သွားရောက်၍ ကွင်းဆင်းဝယ်ယူလျက်ရှိပါသည်။ ကွင်းအရောက်စပါးဈေးနှုန်း ပေါင်၅၀ စပါးတင်း (၁၀၀)လျှင် ၁၄၈၀၀၀၀/ကျပ်ဈေး ဝယ်ယူလျက်ရှိပါသည်။ မိုးညိုမြို့နယ်မှ မိုးစပါး စိုက်တောင်သူများ၏ စပါးတစ်ဧကထွက်ရှိမှုအနေဖြင့် (၈၀) တင်းနှုန်းခန့်ထွက်ရှိကြောင်း သိရှိရပါသဖြင့် ဈေးနှုန်းလည်းကောင်းမွန်သောကြောင့် တောင်သူများ ယခင်နှစ်ထက် အကျိုးအမြတ် ပိုမိုရရှိနေကြောင်း ကွင်းဆင်းမှုများအရ သိရှိရပါသည်။

  မိုးညိုမြို့ပေါ်ရှိ ကုန်သည်ကြီးများနှင့် ဆန်စက်ပိုင်ရှင်များကလည်း ဝယ်ယူရရှိထားသော စပါး များကို မိမိတို့၏  အခြောက်ခံစက်များတွင် ပြန်လည်အခြောက်ခံ၍  တစ်ချို့ကို စပါးအနေဖြင့် သိုလှောင်ထားခြင်း၊ တစ်ချို့ကို လုံးတီးဆန်အဖြစ် ကြိတ်ခွဲ၍ သိုလှောင်ထားခြင်း၊ တစ်ချို့ကို ဆန်အဖြစ်ကြိတ်ခွဲပြီး ၊ ၁၀၈ ပေါင်ဆန် တစ်အိတ်လျှင် ၆၁၅၀၀/ကျပ် ပေါက်ဈေးဖြင့် ဘုရင့်နောင် ဆန်ပွဲရုံများသို့ တင်ပို့ရောင်းချရပါသည်။ ဖွဲနုတစ်ပေါင်လျှင် ၃၆၀/ကျပ်ဈေးနှုန်းဖြင့် လှိုင်သာယာ အစာစပ်ရုံများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)