မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်/ဘဲဈေးဒိုင် ဈေးကွက်စုံစမ်းခြင်း

Powered by Drupal

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့  နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်တွင် ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာ ကြက်အရှင် အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၅၀၀/၁၃၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၁၀၀/၅၂၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင်(၇၅၀၀/၉၀၀၀) ကျပ်၊ ဘဲအရှင် ၁ ပိဿာလျှင် (၇၅၀၀/ ၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ဘဲ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့်  (၃၀.၁၀.၂၀၂၃) ရက်နေ့တွင်‌တစ်ရက်လျှင် ကုန်ချိန် (၆၈၉၀၀) ပိဿာခန့် အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)