
တိုက်ကြီးမြို့နယ်တွင် မိုးရာသီ ဆန်၊ စပါး၊ မိုးမြေပဲနှင့် ပီလောပီနံသီးနှံများကို စိုက်ပျိုးပြီး မိုးစပါးရိတ်သိမ်းပြီးစီးမှု (၁၃၇၁၁) ဧကရိတ်သိမ်းခဲ့ရာ (၇၁.၁၇%) ထွက်ရှိခဲ့ပါတယ်။ မိုးမြေပဲအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (၈၁) ဧကစိုက်ပျိုးပြီး (၈၁) ဧကရိတ်သိမ်းခဲ့ရာ (၂၇.၉၁%) ထွက်ရှိပြီး (၂၂၆၁) တင်း ထွက်ရှိခဲ့ပါတယ်။ ပီလောပီနံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၆၉၇) ဧက စိုက်ပျိုးပြီး ယခုနှစ်တွင် (၁၁၁၆) ဧက တိုးချဲ့စိုက်ပျိုးခဲ့ရာ အထွက်နှုန်းတစ်ဧက (၄၁၅၄) ပိဿာထွက်ရှိပြီး (၅၅၃) ဧကရိတ်သိမ်းပြီးစီးပါသည်။
DOCA(ရန်ကုန်)