စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ နိုဝင်ဘာလ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ ( ၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၄၉၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀)ကျပ်ဈေးနှုန်း ကျဆင်းခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)