နွားထိုးကြီးမြို့နယ်၏ မိုးမြေပဲများရိတ်သိမ်းပြီးစီးနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

    မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးဦး၊ မိုးလယ်မြေပဲစုစုပေါင်းစိုက်ဧကမှာ (၄၀၄၆၂)ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ မိုးဦးမြေပဲစိုက်ပျိုးမှုမှာ (၁၉၃၈၈)ဧက၊ မိုးလယ်မြေပဲ စိုက်ပျိုးမှုမှာ(၂၁၀၇၄)ဧက စိုက်ပျိုးမှုရှိခဲ့ပြီး အောက်တိုဘာလကုန်တွင် မိုးဦးမြေပဲများအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၂.၇၅)တင်းနှုန်းဖြင့် တင်းပေါင်း(၈၂၈၈၃၇) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။

     နွားထိုးကြီးမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော မြေပဲဈေးများအနေဖြင့် မြေပဲလုံးဆံ တစ်ပိဿာလျှင် (၅၆၀၀)ကျပ်၊ ဆီဆံ  တစ်ပိဿာလျှင် (၅၃၀၀)ကျပ်၊ မြေပဲတောင့် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ပဲဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဝန်းကျင်များရှိပြီး မိုးမြေပဲများ စတင်ပေါ်ချိန်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၆၅၀၀)ကျပ် ၊ မြေပဲတောင့်  တစ်ပိဿာလျှင်(၃၆၀၀)ကျပ်၊ မြေပဲဆီ  တစ်ပိဿာလျှင် (၁၄၅၀၀)ကျပ်ဝန်းကျင်များရှိခဲ့ကြောင်း နွားထိုးကြီးမြို့ရှိ သီးနှံပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)