ကံမမြို့၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေး၌ရောင်းချလျက်ရှိသော ကြက်သွန်နီများနှင့် အခြားစားဖိုဆောင်သီးနှံများကို ပဲခူးတိုင်း၊ ပြည်မြို့မှဝယ်ယူရောင်းချကြကြောင်းသိရှိရသည်။ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း (၂၇-၁၀-၂၀၂၃)ရက်နေ့မှ (၂-၁၁-၂၀၂၃)ရက်နေ့အထိရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် (၅၅၀၀)၊ ဧည့်မထ/မှော်ဘီတစ်ပြည်လျှင် ကျပ်(၃၅၀၀)၊ ငစိန်/ရိုးနီတစ်ပြည်လျှင် ကျပ်(၄၈၀၀)၊ ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ Meizan တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ Lotus တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ ကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၇၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၃၅၀)ဈေးဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့် ကုန်ပစ္စည်းခြောက်များကို ပြည်ခရိုင်မှဝယ်ယူရပါကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေးထံမှသိရပါသည်။

DOCA(မကွေး)