မုံရွာမြို့နယ် ကွမ်းဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

  မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် အောက်တိုဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀မှ ၃၀၀၀ ဈေးနှုန်းရရှိပြီး ယခုနိုဝင်ဘာလ(ပထမပတ်)တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀-၆၅၀၀ နှုန်းရောင်းချရကြောင်း၊ ဆောင်းဦးရာသီတွင် အထွက်နှုန်း လျော့နည်းပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ  ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)