မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့နယ်ရှိ အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၇၀၀)  ကျပ်ဖြင့်လည်းကောင်း ၊စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၉၅၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၅၀၀၀)  ကျပ် မှ (၁၆၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၄၀၀) ကျပ်မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၇၇၀၀) ကျပ်မှ  (၈၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။

  နိုဝင်ဘာလ ပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အောက်တိုဘာလ စတုတ္ထအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)