
မုံရွာကုန်စိမ်းဈေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် နံနံပင်ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိပြီး မေလ နောက်ဆုံးပတ်မှစတင်ကာ မြင့်တက်လျက်ရှိကြောင်းသိရသည်။ ကုန်စိမ်းဈေးကွက်သို့ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ မြေနဲ၊ နဂါးတွင်းကျေးရွာတို့မှ နံနံပင်များဝင်ရောက်လျက်ရှိပြီး ပုံမှန်အချိန်၌ ယခုကဲ့သို့ ဆောင်းဦးရာသီတွင် နံနံပင်အထွက်များလျက်ရှိသော်လည်း ယခုနှစ်မိုးနောက်ကျပြီး ရာသီဥတုအပူချိန်ပြင်းသည့်အတွက် နံနံပင်များအထွက်နည်းသဖြင့် ဝင်ရောက်မှုမှာ ထက်ဝက်ခန့်သာရှိကြောင်းသိရသည်။ ဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းမှာ ယခင်နှစ်တွင် နံနံပင်တစ်ပိဿာလျှင် ငွေကျပ် (၆၀၀၀-၇၀၀၀) ခန့်ရှိရာမှ ယခုနိုဝင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀-၁၅၀၀၀) ထိမြင့်တက်သွားပြီး ယခင်တွင် နံနံပင် (၁၀) ပင်ပါ တစ်စည်းလျှင် ငွေကျပ် (၅၀-၁၀၀) ရှိကာ ယခုအချိန်တွင် နှစ်ပင်/ သုံးပင်ပါ တစ်စည်းလျှင် ငွေကျပ်၂၀၀ဖြင့် အနည်းဆုံးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)