ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာပြီး အဝင်နည်းသည့် ရွှေဘိုမြေပဲလုံးဆံဈေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်း အခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ဖြူ)များမှာ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၉၂၈၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၁၂၅)တင်း/(၂၆)တန်ဖြစ်ကြောင်း၊  မြေပဲလုံးဆံ(နီ )တစ်တင်းလျှင် (၈၈၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/(၁၇) တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆီ(နီ)မှာ အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၄၈၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၁၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၁၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)