ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၆-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်မှ နေ့လယ်(၁၂:၀၀)နာရီအချိန်ထိ  ကျွန်းလှမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း စားအုန်းဆီများကို နိုင်ငံ့ဝန်ထမ်းများ၏လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါစားအုန်းဆီများရောင်းချရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်း၊ နိုင်ငံ့ဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် နိင်ငံ့ဝန်ထမ်းဦးရေ (၅၅၀) ဦးတို့အား စားအုန်းဆီ (၅၅၀) ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုံးဆီတစ်ပိဿာရည်ညွှန်းဈေးနှုန်းဖြင့် ရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့်ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)