ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များ နှင့် သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၃)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ ပေါ်ဦး သောက်ရေသန့်စက်ရုံ၊ ခေတ်ကြိုက်သောက်ရေသန့်စက်ရုံ ၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ မြင့်မိုရ်ထွန်း သောက်ရေသန့်စက်ရုံနှင့်  နီလာစတိုး ၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ MO သောက်ရေသန့် စက်ရုံတို့အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မရဲစခန်းမှ ဒုရဲအုပ် သော်တာလမင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းကျော့မောင် ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းတာဝန်ခံ ဦးမျိးဝင်းညိုနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ် တာဝန်ခံ(အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင် တို့မှ  သောက်ရေသန့် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ သောက်ရေသန့်စက်ရုံများနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် သောက်ရေသန့် (.၃၅ လီတာ) (.၆လီတာ)(၁ လီတာ)နှင့်(၂၀ လီတာ)ဘူး အမျိုးမျိုးအား ထုတ်ကုန် လုံခြုံ စိတ်ချရမှု ရှိ/ မရှိ ၊ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိနှင့် ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသော သောက်ရေသန့်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ asia သောက်ရေသန့်ဘူးတွင် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး ကျွန်းလှမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများနှင့် asia သောက်ရေသန့်ဘူးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ထောက်ခံချက်အမှတ်များပါရှိကြောင်း စိစစ်တွေ့ရှိရပြီး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ  အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ် ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် မိမိတို့ထံ လက်ဝယ်လာရောက် ပို့ဆောင်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းပေးရန်နှင့် မပြည့်စုံပါက မိမိတို့မှ ဝယ်ယူရောင်းချမည် မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ မှန်ကန်မှုရှိစေရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)