မြန်မာ့ရိုးရာစားစရာ မုန့်ဆန်း

Powered by Drupal

    သီတင်းကျွတ်လပြည့်ကျော်နှင့်  တန်ဆောင်မုန်းလဆန်းအချိန်တွင်  မုန့်ဆန်းများ လှိုင်လှိုင် ပေါ်နေပြီးဖြစ်သည့်အတွက် ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးတွင် ကရင်ပြည်နယ်၊ ဒေသထွက် မုန့်ဆန်းများ  နိုဝင်ဘာလတွင် စတင်ရောင်းချနေကြောင်း သိရသည်။ 

      မုန့်ဆန်းပြုလုပ်ပုံအဆင့်ဆင့်မှာ  မောင်းညို မဖြစ်တဖြစ်ရိတ်ထားသော ကောက်ညှင်းကို တုတ်ဖြင့် ရိုက်ချွေပြီး ရလာသော ကောက်ညှင်းကို ဒယ်အိုးဖြင့် ဆယ်မိနစ်ခန့် လှော်ပေးရသည်။ လှော်ထားသော ကောက်ညှင်း ဆန်ပူပူကို ဆုံတွင်ထည့်ထောင်းပေးရမည်။ ရရှိလာသော မုန့်ဆန်းပြားကို ဆန်ကွဲနှင့် အမှိုက်များစင်အောင် စကောဖြင့် ပြာပေးရပါသည်။ ပြီးလျှင် မုန့်ဆန်းများ ရရှိပြီဖြစ်သည်။ မုန့်ဆန်းကို အုန်သီး၊ သကြား၊ ဆားအနည်းငယ်ဖြင့် ရောနယ်ပြီး ဆွမ်းတော်ကပ်ခြင်း၊ ဦးရှင်ကြီး တင်ခြင်းများတွင် ဆက်ကပ်ပူဇော်လေ့ရှိကြသည်။

    ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးတွင် ကရင်ပြည်နယ် ဒေသထွက်  မုန့်ဆန်းစျေးနှုန်းများမှာ တစ်ဗူးလျှင် ၁၀၀၀ ကျပ် တစ်ပြည်လျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)