ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများဖြင့် ရောင်းချသော ဘားအံမြို့ကမ်းနားလမ်းအခွန်လွတ်ဈေးတွင် ရောင်းသူဝယ်သူများဖြင့်စည်ကား

Powered by Drupal

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်း ဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ကျဆင်းရေးကော်မတီက ဘားအံမြို့  အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း အခွန်လွတ်ဈေးကို အပတ်စဉ် စနေနေ့၌ ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

         အဆိုပါ အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများနှင့် အသား/ငါးအရောင်းဒိုင်များ စည်ပင်သာယာမှသတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချရာတွင် ဝက်သား ၁ပိဿာ၁၂၀၀၀ကျပ်၊ အမဲသား ၁ပိဿာ၁၄၀၀၀ကျပ်၊ဆိတ်သား ၁ပိဿာ ၁၇၀၀၀ကျပ်၊ ကြက်သား (အိမ်ကြက်) ၁ပိဿာ ၁၅၀၀၀ကျပ်၊ ကြက်သား(မွေးမြူရေး) ၁ပိဿာ ၁၂၀၀၀ကျပ်၊ မွေးမြူရေးငါးကြင်း ၁ပိဿာ ၇၀၀၀ကျပ်၊ ချောင်းငါးကြင်း ၁ပိဿာ၁၂၀၀၀ကျပ်၊ ငါးတန် ၁ပိဿာ၄၆၀၀၀ကျပ်၊တီလားဘီးယား ၁ပိဿာ၆၀၀၀ကျပ်၊ငါးမဲလုံး ၁ပိဿာ၆၀၀၀ကျပ်၊ငါးခုံးမ  ၁ပိဿာ၆၀၀၀ကျပ်၊ငါးမုတ် ၁ပိဿာ၅၀၀၀ကျပ်၊ ပလာတူး ၁ပိဿာ ၆၀၀၀ကျပ်၊ ဘဲဥ ၁လုံး၃၀၀ကျပ်၊ကြက်ဥ ၁လုံး၂၅၀ကျပ်၊ကန်စွန်းရွက် ၁စည်း ၁၁၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်း ၁၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်၁၀၀၀ကျပ်၊ခရမ်းချဉ်သီး ၁ပိဿာ၁၀၀၀ကျပ်၊ စားသုံးဆီ၁ပိဿာ ၅၂၀၀ကျပ်နှင့်ဧည့်မထ/မနှောသုခဆန်၁ပြည်၂၇၀၀ကျပ်စသည့်ဖြင့် စားသုံးသူပြည်သူများထံ ဈေးနှုန်း ချိုသာစွာဖြင့် တိုက်ရိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

        အဆိုပါအခွန်လွတ်ဈေးများ ဖွင့်လှစ်ရောင်းချပေးခြင်းဖြင့်  ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဝယ်သူများထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ၊ အသား/ငါး ထုတ်လုပ်ရောင်းချမှုအပေါ် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူပြည်သူများ အနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးအတွက် ကုန်ကျစရိတ်အပေါ် ကာမိကာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကြောင့် လှုမှုစီးပွားဘဝ ရိုက်ခတ်မှု လျော့နည်းသက်သာလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)