မွန်ပြည်နယ်၌ ပဲမျိုးစုံဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင်း မွန်ပြည်နယ်ပဲဈေးကွက်၌ ပဲမျိုးစုံဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။ ဈေးနှုန်းများမှာ ပဲတီစိမ်း (ရွှေဝါ) (၂၀ ပိဿာဝင်တစ်တင်း) လျှင် ၇၀၀၀၀ကျပ်၊ ပဲတီစိမ်း (ရိုးရိုး) တစ်တင်းလျှင် ၅၉၀၀၀ကျပ်၊ မတ်ပဲတစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ ပဲလွန်းဖြူတစ်တင်းလျှင် ၄၄၅၀၀ကျပ်၊ ဘိုကိတ်ပဲတစ်တင်းလျှင် ၄၈၅၀၀ကျပ်၊ ပဲပုပ်တစ်တင်းလျှင် ၇၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

      အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းများမှာ ပဲတီစိမ်း (ရွှေဝါ) ၂၀ ပိဿာဝင်တစ်တင်းလျှင် ၆၈၀၀၀ကျပ်၊ ပဲတီစိမ်း (ရိုးရိုး) တစ်တင်းလျှင် ၅၈၀၀၀ကျပ်၊ မတ်ပဲတစ်တင်းလျှင် ၈၆၀၀၀ကျပ်၊ ပဲလွန်းဖြူတစ်တင်းလျှင် ၄၄၅၀၀ကျပ်၊ ဘိုကိတ်ပဲတစ်တင်းလျှင် ၄၈၅၀၀ကျပ်၊ ပဲပုပ်တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

   ပဲဈေးနှုန်းများမှာ ယခုအပတ်နှင့် ယခင်အပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် မတ်ပဲမှအပ ကျန်ပဲများမှာ အနည်းငယ်သာပြောင်းလဲမှုရှိသော်လည်း မတ်ပဲဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လျက်ရှိကြောင်းတွေ့ရှိရသည်။ ထိုသို့ မတ်ပဲဈေးနှုန်းသိသိသာသာမြင့်တက်ရခြင်းမှာ  တောင်သူနှင့်ကုန်သည်များ၏လက်ဝယ်တွင် ပဲလက်ကျန်များနည်းခြင်း၊ အိန္ဒိယဝယ်လိုအားများခြင်းတို့ကြောင့်ဖြစ်ကြောင်း ပဲနှမ်းကုန်သည်များထံမှသိရှိရပါသည်။

DOCA(မွန်)