အထက်မင်းလှမြို့နယ်၌ စပျစ်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁၀)ရက်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတောကျေးရွာတို့တွင် စပျစ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရသည်။

      မင်းလှမြို့နယ်အတွင်း စပျစ်စိုက်ခင်းအနေဖြင့်(၈)ခြံရှိပြီး မြို့ပေါ်အမှတ်(၁၀)ရပ်ကွက်ရှိ စပျစ်ခြံပိုင်ရှင်ဦးစိုးနိုင်၏ စပျစ်ခြံမှာ(၁)ဧကနီးပါးရှိ၍ စပျစ်ပင်(၂၀၀)ကျော် စိုက်ပျိုးထားကြောင်းသိရသည်။ စပျစ်မျိုးပေါင်း(၈၀၀၀)ကျော်ရှိသည့်အနက်မှ (Black Queen)စပျစ်မျိုးကိုသာ စိုက်ပျိုးထားကြောင်း၊  စိုက်ပျိုးရာတွင် မျိုးစေ့စိုက်ပျိုးခြင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်၍ပျိုး‌ထောင် စိုက် ပျိုးခြင်းဟူ၍သုံးမျိုးရှိရာ ကိုင်းဖြတ်ပျိုးထောင်စနစ်ကိုအသုံးပြုပြီး ကြိုးတန်းစနစ်ဖြင့်မစိုက်ဘဲ စင်တင်စနစ်ဖြင့်သာ စိုက်ပျိုးထားကြောင်း၊ စပျစ်မှာနှစ်ရှည်ပင်ဖြစ်၍ စတင်စိုက်ပျိုးချိန်မှ (၁)နှစ်အကြာတွင် အသီးခူးရကြောင်း၊ စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍လည်း (၁)နှစ်လျှင် (၂)သီးမှ(၃)သီးခူးနိုင်ကြောင်း၊ ပုံမှန်အားဖြင့် မိုးရာသီတွင်သီးသောအသီးနှင့် ဆောင်းရာသီတွင်သီးသောအသီးဟူ၍ရှိပြီး မိုးစပျစ်မှာ ဧပြီလတွင် အဖူးစတင်ပွင့်ပြီး ဆောင်းစပျစ်မှာနိုဝင်ဘာလတွင်ပွင့်ကြောင်း၊ အဖူးပွင့်ပြီး(၁၅)ရက်အကြာတွင် အသီးဝင်ကာ ရက်ပေါင်း(၁၂၀)ကျော်တွင် ခူးဆွတ်နိုင်ကြောင်း၊ ဓါတ်မြေဩဇာ အနေဖြင့် ဆောင်းစပျစ်တွင်ပိုကျွေးရကြောင်း၊  ရေသွင်းစိုက်ပျိုးရသည်ဆိုသော်လည်း အသီးသီးချိန်တွင် ရေလျော့သွင်းရကြောင်း၊ ရေသွင်းများပါက အသီးများကွဲတက်ပြီး အသီးမတင်ကြောင်း၊ မိုးရာသီ စပျစ်မှာမချိုသောကြောင့် အရည်အသွေးညံ့သဖြင့် ဝိုင်ထုတ်လုပ်ရန်အတွက်ကုန်ကြမ်းပြုလုပ်ပြီး မကွေးမြို့ရှိစပျစ်ဝိုင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသို့တင်ပို့ကြောင်း၊ ဆောင်းစပျစ်မှာချို၍ အရည်အသွေးကောင်းသဖြင့် ရောင်းတန်းဝင်ကြောင်း၊ ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် အဖူးများ စတင်ပွင့်နေပြီဖြစ်ကြောင်း၊  စပျစ်သီးဈေးနှုန်းမှာ ယခင်နှစ်တွင် (Black Queen) စပျစ်သီး(၁) ပိဿာလျှင် ကျပ်(၁၀၀၀၀)ရကြောင်း၊ ဆောင်းရာသီတွင် စပျစ်အထွက်နှုန်းကောင်းလျှင် အမြတ်ပိုမိုရရှိကြောင်း၊ ရောင်းချရာတွင်လည်း မည်သည့်ဒေသကိုမှမပို့ရဘဲ မိမိစပျစ်ခြံတွင်သာ ရောင်းကုန်ပါ ကြောင်း မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ စပျစ်စိုက်ပျိုးသူ ဦးစိုးနိုင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)