ပခုက္ကူမြို့ပေါ်တွင် ပေါ်ဦးပေါ်ဖျားရာသီစာ ထန်းပင်မြစ်များ ဈေးကောင်းရနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အညာဒေသ၏အစားအစာတစ်မျိုး ဖြစ်သည့်  ထန်းပင်မှရရှိသောထန်းပင်မြစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ထန်းပင်မြစ်များကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း၊ မြင်းခြံမြို့နယ်ရှိရွာများနှင့် ပခုက္ကူမြို့အနီးအနားရှိရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ထန်းပင်မြစ်များကို တော်သလင်းလ ထန်းသီးရင့်မှည့်ချိန်မှစ၍ သီတင်းကျွတ်လ ဆန်းပိုင်းတွင် ချောင်းရိုးများ၌ သဲများ ထူထူတူး၍မြှုပ်ကြပြီး  သီတင်းကျွတ်လကုန်၊ နတ်တော်လ ဆန်းမှစ၍ တူးဖော်ကြကြောင်း၊ ပြာသိုလဆန်းပိုင်းတွင် ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း ထန်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

    အချို့ထန်းစိုက်တောင်သူများမှာ ဝါခေါင်လတွင်စတင်စိုက်ပျိုးကြပြီး သီတင်းကျွတ်လပြည့်ကျော်တွင် စတင်တူးဖော်လျက်ရှိကြောင်း ထန်းစိုက်တောင်သူထံမှ သိရှိရသည်။ ၂၀၂၃ခုနှစ်၊ နိုဝင် ဘာလ(ပထမပတ်)တွင် ရောင်းချနေသောထန်းပင်မြစ်ဈေးနှုန်းများအနေဖြင့် ထန်းပင်မြစ်(၂၅) ချောင်းပါတစ်စီးလျှင်ကျပ်(၁၅၀၀)ဖြင့် ရောင်းချနေကြောင်း၊ မြို့မစည်ပင်သာယာဈေးနှင့် ပျံကျဈေး တို့တွင် ထန်းပင်မြစ် အနု၊ အရင့်ပေါ်မူတည်၍ တစ်စီးလျှင် ကျပ် (၁၂၀၀ / ၁၃၀၀)ဖြင့် ရောင်းချနေကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)