ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်နှင့် ကုန်စည် စီးဆင်းမှု

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ အောက်တိုဘာလ(ပထမပတ်)မှစ၍ ကြက်သွန်နီဈေးနှုန်းကျဆင်းလာကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၅၀၀)မှ အနိမ့်ဈေး ကျပ်(၂၃၅၀)၊ (ဒုတိယပတ်)တွင် အမြင့်ဈေး ကျပ်(၂၇၅၀)မှ အနိမ့်ဈေးကျပ်(၂၄၀၀)ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်၍ အရောင်းအဝယ်ဖြစ်ပြီး အောက်တိုဘာလ(တတိယပတ်)တွင် အမြင့်ဈေး ကျပ်(၂၆၅၀)မှ အနိမ့်ဈေး ကျပ်(၂၄၅၀)ဖြင့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၅၀)၊ အနိမ့် ဈေးကျပ်(၂၄၅၀)ဈေးဖြင့် အနည်းငယ်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောက်တို ဘာလအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ပျမ်းမျှကျပ်(၅၀၀)ခန့် ဈေးနှုန်းမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆိပ်ဖြူကြက်သွန်နီသည်  အောက်တိုဘာလ(စတုတ္ထပတ်)ကုန်ကာနီးတွင် ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်လိုက်ပြီး ဈေးနှုန်းမြင့်တက်ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။

    အောက်တိုဘာလအတွင်း ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်နီပိဿာ(၉)သိန်း၊ အိတ်(၃၄၆၁၅)၊ မူဆယ်မြို့သို့ ပိဿာ(၁)သောင်းခန့်၊ အိတ်(၃၈၄)၊ မြဝတီမြို့သို့ ပိဿာ(၂)သိန်းခန့်၊ အိတ်(၇၆၉၂) မော်လမြိုင်မြို့သို့ ပိဿာ(၁)သောင်းခန့်၊ အိတ်(၃၈၄)၊ ပြည်မြို့ ပိဿာ(၂)သိန်းခွဲခန့်၊ အိတ်(၉၆၁၅)၊ ပုသိမ်မြို့သို့ ပိဿာ(၃)သောင်း၊ အိတ် (၁၁၅၄)၊ စုစုပေါင်း ကြက်သွန်နီပိဿာ(၁၄)သိန်းခန့် တန်ချိန်(၂၂၈၆)ခန့် ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)