မင်းဘူးစည်ပင်ဈေးကြီးတွင် နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ စည်ပင်သာယာဈေးအတွင်းသို့ ရေပုတ်၊ စကု၊ သိမ်ကုန်း၊ ငဖဲ၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ နွယ်တမယ်၊ ဆိပ်ဖြူနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီဝလံပန်းမန်များ အများဆုံးမှာယူရောင်းချကြကြောင်းသိရှိရပါသည်။

 ထိုသို့ရောင်းချရာတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသောဈေးနှုန်းများမှာ ခရမ်းချဉ်သီးရှမ်းသီး(ထိုင်ဝမ်)(၁)ပိဿာလျှင်  ကျပ်(၁၈၀၀-၂၀၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၈၀၀-၁၀၀၀)၊ ပန်းဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၀၀၀-၁၂၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀ - ၃၅၀၀)၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၅၀၀၀)၊ ရွှေဖရုံသီး(၁)လုံးလျှင် ကျပ် (၂၀၀၀ - ၃၅၀၀)၊ ဘူးသီး(၁)လုံးလျှင် ကျပ်(၁၂၀၀ - ၂၂၀၀)၊ မုန်ညင်း(၁)ထုပ်လျှင် ကျပ်(၁၀၀၀- ၁၂၀၀)၊ ဆည်တော်ဒေသထွက် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)နှင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ -၁၁၀၀၀)၊ ဒေသတွင်းကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၁၀၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ သိမ်ကုန်ဒေသထွက် ဆလပ်ရွက် (၁)စည်းလျှင် ကျပ်(၂၀၀-၃၀၀)၊ ပြောင်းဖူး(အချို) (၁)ဖူးလျှင် ကျပ်(၃၅၀-၄၅၀)၊ ပြောင်းဖူး(အစေး)(၁)ဖူးလျှင် ကျပ် (၃၅၀-၄၅၀)၊ ချဉ်ပေါင်ရွက်(၁) စည်းလျှင် ကျပ်(၁၀၀-၁၅၀)၊ ခရမ်းသီး(ရှည်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)(၁)လုံးလျှင် ကျပ်(၂၀၀၀-၃၅၀၀)၊ ပွင့်ဖြူဒေသထွက် ငှက်ပျောသီး(ဖီးကြမ်း)(၁)ဖီးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ငှက်ပျောသီး(ချဉ်)(၁)ဖီးလျှင် ကျပ်(၃၀၀၀-၃၅၀၀)၊ ပိန်းဥ(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဈေးဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)