သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ နိုဝင်ဘာလ(ပထမပတ်)အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ အသီးအရွက်နှင့် အသားငါးများအား အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချကြောင်း၊ ဆန်နှင့်ဆီတို့အား ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှဝင်ရောက်လျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ဆန်ပေါ်ဆန်းမွှေး(ပုသိမ်) (၁)ပြည်လျှင် ကျပ်(၄၄၀၀မှ ၄၈၀၀)၊ ဧရာပဒေသာ (ပုသိမ်)(၁)ပြည်လျှင် ကျပ်(၄၁၀၀မှ ၄၂၀၀)၊ မနောသုခ(၁)ပြည်လျှင် ကျပ်(၃၂၀၀မှ ၃၃၀၀)၊ မှော်ဘီ (၁)ပြည်လျှင် ကျပ်(၃၅၀၀မှ ၃၆၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၃၅၀၀မှ ၁၄၀၀၀)၊ နှမ်းဆီ(၁)ပိဿာ လျှင် ကျပ်(၁၄၅၀၀မှ ၁၆၀၀၀)၊ အာလူး(အကြီး၊ အသေး) အရွယ်အစားအလိုက် (၁)ပိဿာလျှင် ကျပ် (၃၀၀၀မှ ၃၅၀၀)၊ ကြက်သွန်ဖြူ(အကြီး၊ အသေး) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၈၀၀၀)၊ ကြက်သွန်နီ(အသေး၊ အလတ်၊ အကြီး) (၁)ပိဿာလျှင် ကျပ်(၃၀၀၀၊ ၃၂၀၀၊ ၃၅၀၀)၊ ကုလားပဲခွဲခြမ်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀မှ ၆၈၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ်(၄၀၀၀မှ ၄၈၀၀)၊ ငရုတ်ခြောက်(၁)ပိဿာလျှင် ကျပ် (၁၈၀၀၀မှ ၂၀၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀မှ ၂၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်အကြီး၊ အသေးအလိုက် ကျပ်(၁၀၀၀၀မှ ၁၆၀၀၀)ဈေးနှုန်းအသီးသီးရှိခဲ့ကြောင်းနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ဆန်နှင့်အသားငါးဈေးနှုန်းမှာ ယခုအပတ်အတွင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူနှင့် ကြက်သွန်နီဈေးနှုန်းတို့မှာ အမြင့်ဈေးဖြင့် နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)