စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များနှင့် အစုအဖွဲ့များဖွဲ့စည်း ၍ ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကန့်ဘလူမြို့၏ သာယာလှပသောညနေခင်းဆည်ဆာအလှနှင့် အပန်းဖြေစရာနေရာတစ်ခုဖြစ်သည့် မဟာရွှေစည်ကြီး၊ ဘုရားကြီးဈေးတန်းတွင် နံနက် (၀၇:၀၀)နာရီအချိန်မှ နေ့လယ် (၂:၀၀)နာရီအချိန်ထိ ရောင်းချနေကြသော အသီးအနှံများ၊ ခေါဆီသည်များ၊ ပြောင်းဖူးပေါက်ပေါက်သည်များ၊ မုန့်တီ/ မုန့်ဟင်းခါး/ ကြာဆံဟင်းခါး/အမဲ စွပ်ပြုတ်/ဝက်ခြေထောက်စွပ်ပြုတ်/ ရေစိမ်/ ဆန်စီး/ ရှမ်း/ အာပူလျှာပူ/ ကြက်သား၊ အမဲသားဒန်ပေါက် စသည့်စားသောက်ဖွယ်အမျိုးမျိုးအနက် ဆောင်းဦးပေါက်ရာသီ၏ ခေါဆီ (ခေါ်) ခေါပုတ်လုပ်ငန်းသည် ရာသီစာဖြစ်သည့်အတွက် ခေါဆီ (ခေါ်) ခေါပုတ်လုပ်ကိုင်ရောင်းချသူနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ အောက်တိုဘာလ လဝက်မှစတင်ပြီး ခေါဆီ (ခေါ်) ခေါပုတ်လုပ်ငန်းကိုလုပ်ကိုင်ရကြောင်း၊ကောက်ညှင်းဆန် (အဟောင်း) (အဖြူ) တစ်ပြည်ကို (၅၀၀၀) ကျပ်၊ (အနက်) တစ်ပြည်ကို (၆၀၀၀)ကျပ်ဖြင့်ဝယ်ယူပြီး ကောက်ညှင်းဆန်ကို (၄/၅)နာရီခန့်ကြာအောင် ရေစိမ်ထားရကြောင်း၊ ရေစိမ်ထားသောကောက်ညှင်းဆန်များကို ပေါင်းအိုးနှင့်တည်ပြီး (၁၃:၀၀)နာရီ န့်ပေါင်းရကြောင်း၊ ပေါင်းပြီးသောကောက်ညှင်းမျာကို သန့်ရှင်းသောအခင်းများပေါ်တွင်ချပြီး နှမ်းထောင်း/ ဆီတို့ထည့်ကာ ပေါက်ဆိန်ဖြင့်ထုထောင်းပြီးလျှင် ခေါဆီအဖြစ်ရရှိကြောင်း၊ ကောင်းညှင်းဆန်တစ်ပြည်ထုထောင်းလျှင် အပြားသေး (၇၀ /၈၀) ခန့်၊ အပြားကြီး (၄၅/၅၀) ခန့်ထွက်ရှိပြီး ကျပ်၁၀၀၀ဖိုးလျှင် အပြားသေး (၁၀)ခု၊ အပြားကြီး(၆)ခုနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ တစ်ရက်လျှင် နေ့စဉ် ကောက်ညှင်းဆန် (၄) ပြည်ထုထောင်းရပြီး ဆန်တစ်ပြည်ထုထောင်းလျှင် အမြတ်ငွေ (၂၀၀၀)ကျပ်ရရှိပြီး တစ်ရက်အမြတ်ငွေမှာ ကျပ်(၈၀၀၀/ ၁၀၀၀၀) ခန့်ရှိကြောင်း၊ အော်ဒါအမှာများပါက ပိုမိုလုပ်ကိုင်ရကြောင်း မဟာရွှေစည်ကြီးဈေးတန်းတွင် ခေါစီရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)