တောင်ငူမြို့တွင် ပေါ်ဆန်းဆန်များဈေးကျ၍ မတ်ပဲဈေးတက်

Powered by Drupal

           တောင်ငူမြို့တွင် ယခင် အောက်တိုဘာ စတုတ္ထအပတ်က  ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီးဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

              စပါးအသစ်မှာ တင်း ၁၀၀ လျှင် ၁၅၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲကြီး မှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က    တစ်အိတ်လျှင် ၄၄၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က   တစ်အိတ်လျှင် ၄၁၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ် လျှင် ၄၀၀၀၀ ကျပ်၊ ဖွဲနုမှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က   တစ်အိတ်လျှင် ၂၆၀၀၀ ကျပ် ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဖြစ်၍  ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က    တစ်အိတ်လျှင် ၁၂၈၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၁၄၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)