တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း အခြေအနေ

Powered by Drupal

        တောင်ငူမြို့သို့ တောင်ကြီးနှင့် မေမြို့တို့မှ ကြက်ဥများ ဝင်ရောက်လျှက်ရှိရာ ၁၂ ဘီးကား တစ်စီးလျှင် ကြက်ဥလုံးရေ ၄၅၀၀၀ ခန့်ပါကြောင်းသိရပါသည်။ ယခင်လက ကြက်ဥ တစ်လုံးလျှင် အသေး ၂၅၀ ကျပ်၊ အလတ် ၂၆၀ ကျပ်နှင့် အကြီး ၂၈၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်လုံးလျှင် အသေး ၂၄၀ ကျပ်၊ အလတ် ၂၅၀ ကျပ်နှင့် အကြီး ၂၆၅ ကျပ်ဖြင့် ဈေးနှုန်းအတည်းငယ် ကျဆင်းပါ သည်။

       ဘဲဥမှာ ယခင်အပတ်ကအတိုင်း တစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၃၃၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ်ဖြင့်လည်းကောင်း၊ ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥမှာ တစ်လုံးလျှင် ၄၅၀ ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်ဥ၊ ဘဲဥမှာ ချက်ပြုတ်ရလွယ်ကူ၍ စားသုံးသူများသည့်အပြင် ယခုကာလသည် သီတင်းကျွတ်ကာလဖြစ်၍ အလှူအတန်းပေါခြင်းကြောင့် ကြက်ဥ၊ ဘဲဥများ အရောင်းအဝယ် ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)