
တောင်ငူမြို့ ဘုရင့်နောင်ဈေး၊ ညောင်ပင်ဈေးများအနီးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများမှာ အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။
ပျားလိမ္မော်(ယိုးဒယား)သီးမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ပျားလိမ္မော်(ရိုးရိုး)သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။
ပန်းသီးများမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၃၀၀၀ ကျပ်ရှိပါသည်။
စပျစ်သီးမှာ အစေ့ပါ(အသေး) တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အစေ့ပါ(အကြီး) တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အစေ့လွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိပါသည်။
နဂါးမောက်သီး(ယိုးဒယားသီး)မှာ တစ်လုံးလျှင် ၅၀၀၀ ကျပ်၊ ရိုးရိုးသီးမှာ တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ ကျွဲကောသီးတစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ နှင်းသီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ နာနတ်သီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)