တောင်ငူမြို့ ညောင်ပင်ဈေးတွင် ကန်ဇွန်းဥ၊ ပိန်းဥများ ရောင်းချ

Powered by Drupal

    တောင်ငူမြို့ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကန်ဇွန်းဥ၊ ပိန်းဥများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ ယခုအချိန်တွင် ကန်ဇွန်းဥ၊ပိန်းဥများပေါ်ပြီဖြစ်သဖြင့် ညောင်ပင်ဈေးသို့ လာရောက်ရောင်းချကြပါသည်။

  ကန်စွန်းဥကို ခရမ်းရင့်ရောင်၊ ကြက်ဥနှစ်ရောင်၊ ပန်းရောင်၊ အနီရောင်၊ အဖြူရောင် စသည်ဖြင့် အရောင်အမျိုးမျိုးတွေ့ရပါသည်။ ကန်ဇွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးစားခြင်းအပြင် မုန့်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ဈေးချို၍ အလွယ်တကူဝယ်၍ရသည့် ကန်စွန်းဥသည် ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါသည်။

    ပိန်းဥသည် ကစီဓါတ်ပြည့်ဝပြီး ပြုတ်စား၊ ချက်စားရသောဥဖြစ်ပါသည်။ ခန္ဓာကိုယ် အားနည်းသူများနှင့် အစာမကျေဖြစ်တတ်သူများ စားသုံးရန် သင့်လျော်သည့်ဥဖြစ်ကြောင်း သိရ ပါသည်။

    ကန်ဇွန်းဥ(ငချိပ်) တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ ရွှေဝါ ကန်စွန်းဥ တစ်ပိဿာလျှင် ၂၈၀၀ ကျပ်နှင့် ပိန်းဥ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)