ကုန်စိမ်းဈေးကွက်တွင် သံပုရာသီးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုန်စိမ်းဈေးကွက်ရှိ သံပုရာသီးဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း သံပုရာသီး (အသေး)တစ်လုံးလျှင် ငွေကျပ် ၅၀မှ ၇၀အထိ၊ သံပုရာသီး (အကြီး)တစ်လုံးလျှင် ငွေကျပ် ၈၀မှ ၁၀၀အထိဖြစ်ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)အတွင်း သံပုရာသီးဈေးနှုန်းမှာ သံပုရာသီး (အသေး) တစ်လုံးလျှင် ကျပ် ၁၀၀မှ ၁၅၀အထိ၊ သံပုရာသီး(အကြီး)တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၂၀၀ အထိ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ သံပုရာသီးဈေးနှုန်းမြင့်တက်လာရခြင်းမှာ သံပုရာသီးလှိုင်လှိုင်ပေါ်ချိန်ဖြစ်သော မိုးရာသီကုန်ဆုံးချိန်ဖြစ်ပြီး ဆောင်းဦးရာသီတွင်  အသီးထွက်နှုန်းနည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)