ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများကို  အမှန်ကန်ဆုံးသိရှိနိုငရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ(၁၀)ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ် ဝင်ရောက် မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မလိုင်၊ မြင်းခြံ (ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၃၇၈၀၀၀)ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းနှင့် ကြက်သွန်နီလက်ကျန်မှာ (၁၅၁၂၀၀)ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိတ်ဖြူကြက်သွန်နီ (အသစ်) အချော တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၇၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၈၀၀၊ မလိုင်ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၂၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၄၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ မြင်းခြံ (ကံဆင့်) ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၈၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၉၀၀ စသည်ဖြင့်ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)