ကန့်ဘလူခရိုင်၏ နိုဝင်ဘာလ ဒုတိယပတ် စပါး၊ဆန်ဈေးနှုန်း အခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃,၄၈၀,၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃,၀၀၀,၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်း ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၃၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်၊ တန်အားဖြင့် (၂၅)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)