ပြည်ပဆန်သတင်း (၃၁-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၁-၂၀၂၃) ရက်နေ့အထိ

Powered by Drupal

  ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၉၈ဖြင့်လည်းကောင်း၊  ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၅၈ဖြင့်လည်ကောင်း စျေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၈၄ဖြင့် စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရသည်။

    ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၅၇ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၂ဖြင့်လည်းကောင်း စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။

     အိန္ဒိယဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်နှင့် ၂၅မှတ်ဆန်ဈေးနှုန်းတို့ကို ဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၀၂ဖြင့် ဈေးနှုန်းကျဆင်းနေကြောင်းသိရှိရပါသည်။

     ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၇ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၉၂ဖြင့်လည်းကောင်း၊ ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၅၀ဖြင့်လည်းကောင်း ဈေးနှုန်းအနည်းငယ်မြင့်တက်သွားပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။

DOCA(ရန်ကုန်)