မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

Powered by Drupal

  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို (၉-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏မုဒ်ဦးရှေ့၊ ဖောင်တော်ဦးဘုရားဘက်ခြမ်း၌ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြပွဲသို့လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များတက်ရောက်ခဲ့ကြပါသည်။

  မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ပြုလုပ်သည့် MSMEs  ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြသလွန်စေတီတော်မြတ်ကြီး၏မုဒ်ဦးရှေ့၊ ဖောင်တော်ဦးဘုရားဘက်ခြမ်းတွင် ဈေးဆိုင်ခန်းပေါင်း(၃၀)ခန်းက ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်များဖြစ်သော စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းရောင်းချသည့် အရောင်းဆိုင်များအား   လှည့်လည်ကြည့်ရှု၍အားပေးခဲ့ပါသည်။ အဆိုပါ MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို (၉-၁၁-၂၀၂၃)ရက်နေ့မှ (၁၁-၁၁-၂၀၂၃)ရက်နေ့အထိ (၃)ရက်တိုင် ဖွင့်လှစ်ပြသရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)