နွားထိုးကြီးမြို့နယ်တွင် ဝါသီးနှံ စတင်ခူးဆွတ်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၏ ၂၀၂၃ ခုနစ်တွင် ဝါသီးနှံစုစုပေါင်း စိုက်ပျိုးမှုအနေဖြင့် (၇၀၆၇) ဧက စိုက်ပျိုးမှုရှိခဲ့ပြီး၊ ဒေသအခေါ်အလိုက် စိုက်ပျိုးမှုမှာ မလှိုင်ဝါ (၁၇၂၀) ဧက၊ မိုးချည်မျှင်ရှည်ဝါ (၇၃၁) ဧကနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါ (၄၆၁၆) ဧကတို့ စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါရိတ်သိမ်းပြီးစီးမှုမှာ မလှိုင်ဝါ (၈၅၀) ဧက ရိတ်သိမ်းပြီးစီးဖြစ်ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၉၂.၃၈)ပိဿာနှုန်းဖြင့် အထွက်ပိဿာပေါင်း(၇၈၅၂၃)ပိဿာ၊ မိုးချည် မျှင်ရှည်ဝါ(၄၃၂) ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၃၅၅.၅၃)ပိဿာနှုန်းဖြင့် အထွက်ပိဿာပေါင်း (၁၅၃၅၈၉)ပိဿာများ စတင်ခူးဆွတ်ထွက်ရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

    ယခုကာလသည် ဝါသီးနှံများ စတင်ခူးဆွတ်ချိန်ဖြစ်ပြီး နွားထိုးကြီးမြို့နယ်တွင် ဖြစ်ပေါ်လျက်ရှိသော ဝါသီးနှံဈေးနှုန်းများမှာ ချည်မျှင်ရှည်ဝါ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် (၂၈၀၀) ကျပ်ဝန်းကျင်များဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်ဝါဈေးအနေဖြင့် ချည်မျှင်ရှည်ဝါ တစ်ပိဿာ(၃၇၀၀)ကျပ်၊ ချည်မျှင်တိုဝါ တစ်ပိဿာ (၃၅၀၀) ကျပ်များရှိခဲ့ကြောင်း ဝါဝယ်ယူသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)