မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

           မော်လမြိုင်မြို့၌ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရှိရသည်။ ယခင်အပါတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၃၀၀၊ ဆင်(ထိုင်း) ကျပ် ၇၆၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၆၇၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၇၅၀၊ ဆင်(ထိုင်း) ကျပ် ၈၃၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၇၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအေးနေကြောင်းသိရှိရသည်။

          အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၇၅၅၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၇၃၈၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ကျပ် ၇၉၅၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၄၆၀၀၀၊ ပုလဲ (အသေး) ၄၆%  တရုပ် (တောင်) ကျပ် ၅၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ကျပ် ၇၅၀၀၀၊ တီစူပါ တရုတ် (သံကွင်း) ကျပ် ၄၆၀၀၀၊ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၇၈၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၇၅၅၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ကျပ် ၈၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုပ် (တောင်) ကျပ် ၅၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ကျပ် ၈၀၀၀၀၊ တီစူပါ တရုတ် (သံကွင်း) ကျပ် ၄၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် ယခုတစ်ပတ်တွင် ဓါတ်မြေဩဇာဈေး အနည်းငယ်မြင့်တက်လာပြီး ဝယ်လိုအားနည်းနေသည့်အတွက် အရောင်းအဝယ် အေးကြောင်းသိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန 

မွန်ပြည်နယ်