ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

  ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း(၃)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ အုတ်ဖိုလ်ကျင်းရပ်ရှိ “ထာဝရ” ရေသန့်စက်ရုံနှင့် “မိုးသောက်နှင်း” ရေသန့်စက်ရုံထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင်  စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစိစစ်ရာ “ထာဝရ”ရေသန့်နှင့် “မိုးသောက်နှင်း”ရေသန့်တို့မှာ  ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားကြောင်းနှင့် FDA ၏ ထောက်ခံချက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းတို့ထုတ်လုပ်သောကုန်စည်များ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)