သနပ္ပင်မြို့နယ်အတွင်း ဘဲမွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

Powered by Drupal

        ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမိုများပြားလာကြောင်း သိရသည်။  မွေးမြူရေးလုပ်ငန်းသည် မွေးမြူရလွယ်ကူသည့်အပြင် သဘာဝအစားအစာများ ဖြစ်သော ရေမှော် ၊ ပိုးမွှားကောင်သေး၊ တီကောင်စသည်တို့ကိုစားသောက်လေ့ရှိသဖြင့် ကုန်ကျစရိတ် သက်သာကြောင်း သိရှိရသည်။ သနပ္ပင်မြို့နယ်အတွင်း လွှတ်ကျောင်းကွင်းများပေါများသောကြောင့် တစ်နိုင်တစ်ပိုင် အကောင်ရေ ၃၀ မှ ၅၀ မွေးမြူသူများ ရှိသလို အကောင်ရေ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀ စသည်ဖြင့် စီးပွားဖြစ် မွေးမြူသူများလည်း ရှိကြောင်း သိရှိရသည်။ ဉစားဘဲအနေဖြင့် အကောင်ပေါက် စတင်မွေးမြူသည်မှ ၆ လကျော်လျှင် စတင်၍ဉဉကာ ဉသက်တမ်းမှာ တစ်နှစ်၊ တစ်နှစ်ခွဲခန့် ရှိကြောင်း သိရှိရသည်။ ဘဲကောင်ရေ ၁၀၀၀ မွေးမြူလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် အစားအစာ ၊ဆေးဝါး၊ လုပ်သားခ အပါအဝင် တနေ့လျှင် ၅၅၀၀၀ကျပ် ခန့်ကုန်ကျကြောင်း သိရှိရသည်။ ဘဲဉချိန်ရောက်လျှင် တနေ့ ပျှမ်းမျှ ၇၀%ခန့် ဉကြောင်းသိရပြီး သက်တမ်းကုန်ဘဲများကိုလည်း အသားအဖြစ် ရောင်းချနိုင်ကြောင်း သိရှိရသည်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ဘဲဉ တစ်လုံး၏ ယနေ့ခြံထွက်ဈေးမှာ ၁၄၀ ကျပ်ရှိပြီး တနေ့လျှင် ၉၈၀၀၀ ခန့် ဝင်ငွေရရှိသဖြင့် ဘဲကောင်ရေ ၁၀၀၀ မွေးမြူလျှင် တနေ့ ၄၃၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိသောကြောင့် ဘဲမွေးမြူသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး