ပြည်ကြက်သွန်နီဈေးမြင့်သော်လည်း အရောင်းသွက်

Powered by Drupal

     ပြည်ဈေးကွက်သို့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဆိပ်ဖြူ၊ အောင်လံ၊ ကျောက်ပန်းတောင်းဘက်မှ နိုဝင်ဘာလ ပထမပတ်အတွင်း နေ့စဉ် ပိဿာချိန် တစ်သောင်းခန့်ဝင်ရောက်မှုရှိနေပြီး တစ်ပတ်လျှင် ပိဿာချိန် ခြောက်သောင်းခန့်ဝင်ရောက်မှုရှိနေပါသည်။ အဝင်မှာ ပုံမှန်ထက် တစ်ပတ်လျှင် ပိဿာချိန် တစ်သောင်းခန့်ပိုမိုဝင်ရောက်မှုရှိပြီး အမြင့်ဈေးဖြင့်ဝင်ရောက်ကြောင်းသိရပါသည်။ ဈေးမြင့်ရခြင်းမှာ မိုးစိုက်ကြက်သွန်နီအကုန် ဆောင်းစိုက်ကြက်သွန်နီထွက်ပေါ်တော့မည်ဖြစ်သဖြင့် ပုံမှန်ဈေးနှုန်းအတက်နှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဖြစ်ကြောင်းသိရပြီး ပြည်ဈေးကွက်ဝယ်လက်များအနေဖြင့် ဈေးနှုန်းများအဆမတန်မြင့်တက်လာမည်အထင်နှင့် ဝယ်ယူမှုပိုမိုများပြားလာသောကြောင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေးမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် (၃၅၀၀-၃၆၀၀/၃၇၀၀-၃၈၀၀/၃၉၀၀-၄၀၀၀) နှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် (၃၉၀၀-၄၀၀၀/၄၁၀၀-၄၂၀၀/၄၃၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကာ ယခင်အောက်တိုဘာလဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ကျပ်၇၀၀ခန့်ဈေးမြင့်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)