ပခုက္ကူ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်းတက်များ ဈေးပြန်လည်မြင့်တက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရှမ်းပြည်နယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်းတက်များဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းများသည် ယခင်ကထက်ဈေးတက်နေကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

   ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် အလုံး(အကြီး/အသေး)လိုက်၍ ထိပ်စ တစ် ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၉၀၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀) ရှိ၍ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်ဈေးမြင့်တက်ခဲ့ကြောင်း၊ အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် အလုံး(အကြီး/အသေး)လိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ထိပ်စ တစ်ပိဿာ လျှင် ကျပ်(၃၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၃၄၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ရှိ၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးမြင့်တက်ခဲ့ကြောင်း၊ ဂျင်းတက်ဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ရှိခဲ့ပြီး ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ရှိ၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့်ဈေးမြင့်တက်ခဲ့ကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)