စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် တိုင်းဒေကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကိုသက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ဆိပ်ဖြူမြို့နယ်အတွင်း ရောင်းချရာ၌ (၄.၁၁.၂၀၂၃)ရက်နေ့တွင် ရတနာပုံဘုန်းကြီးကျောင်း ဝိုင်း၌ အလယ်ပိုင်းရပ်ကွက်ရှိ ပြည်သူ(၅၀၀)ဦးအတွက် စားအုန်းဆီ (၅၀၀)ပိဿာ၊ (၅.၁၁.၂၀၂၃) ရက်နေ့တွင် ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝိုင်း၌ ကိုးတောင့်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၅၀၀)စုအတွက် စားအုန်းဆီ (၅၀၀)ပိဿာ၊ (၈.၁၁.၂၀၂၃)ရက်နေ့တွင် ကမ္ဘာကြီးကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီ (၄၀၀)ပိဿာ၊ (၉.၁၁.၂၀၂၃)ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၈၀၀)စုအတွက် စားအုန်းဆီ (၈၀၀)ပိဿာ၊ စုစုပေါင်း အိမ်ထောင်စု(၂၂၀၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာအား နေ့စဉ် နေလယ်(၁၄:၀၀)နာရီ အချိန်တွင် ဆီတစ်ပိဿာလျှင် ကျပ်(၅၃၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့်ကျ တန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)