ပြည်မြို့၏မုန်လာဥဖြူဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မုန်လာဥဖြူများပေါ်ပေါက်လာပြီဖြစ်ပါသည်။ မုန်လာဥဖြူမှာ ဆောင်းရာသီသီးနှံများထဲတွင်ပါဝင်ပြီး မိုးတွင်းအခါတွင် စိုက်ပျိုးနိုင်သော်လည်း ဆောင်းမုန်လာဥကဲ့သို့ မဖွံ့ဖြိုးဘဲ အလုံးမကြီးကြောင်းသိရပါသည်။ မုန်လာဥဖြူသည် သုံးတတ်လျှင် ဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ်ပါသည်။ မုန်လာဥဖြူသည် လူ၏ကျန်းမာရေးကို အထူးကောင်းမွန်စေသည်။ ဆီးကျောက်ကိုကျေစေနိုင်ပြီး အသည်းထဲသို့ဝင်ရောက်မည့် အဆိပ်အတောက်များကိုဖယ်ရှားပေးပါသည်။ အရေပြားရောဂါကိုကာကွယ်ပေး၍ အဆီကျစေပြီး ကင်ဆာရောဂါကိုပါကာကွယ်ပေးသည်။

     ယခုအခါ ပြည်ဈေးကွက်သို့ မုန်လာဥအဖြူများကို ပုတီးကုန်း၊ သဲကုန်း၊ အင်းမနှင့်ဝက်ပုတ်ဘက်တို့မှ ဝင်ရောက်လာပြီး မှော်ဇာဘက်မှလည်း အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ လဆန်းပိုင်းတွင် ရောင်းချသောဈေးနှုန်းများမှာ မုန်လာဥဖြူ ၅လုံးပါတစ်တွဲလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ဖြင့် လက်ကားဝယ်ယူရပြီး လက်လီရောင်းချသူများက ၅လုံးပါတစ်တွဲလျှင် ၆၀၀ကျပ်နှင့် ၇၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)