ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဝါသီးနှံများစတင်ထွက်ပေါ်

Powered by Drupal

  ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးလယ်ကာလတွင်စိုက်ပျိုးခဲ့သော ာတစ်စေ့ဝါမျိုးဖြစ်သည့် ဝါသီးနှံများစတင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ ထိုဝါများကို စတင်စိုက်ပျိုးချိန်အခါက မျိုးစေ့တစ်ထုပ်လျှင် ကျပ်၅၀၀၀၀ပေး၍ စိုက်ပျိုးရေးဦးစီးဌာနက ဝယ်ယူစိုက်ပျိုးပြီး တစ်ဧကလျှင် ကျပ် (၄) သိန်းခန့်ကုန်ကျစရိတ်ရှိကာ တစ်ဧကလျှင် ဝါပိဿာချိန် ၅၀၀ခန့်ထွက်ရှိနိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။ ယခင်နှစ်တွင် တစ်ဧကလျှင် ဝါပိဿာချိန် (၈၀၀)ပိဿာခန့်ထွက်ရှိခဲ့ရာ ဝါတစ်ပိဿာလျှင် ကျပ်၃၀၀၀ခန့်ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် ဝါကုန်ကြမ်းတစ်ပိဿာလျှင် ကျပ်၂၈၀၀ခန့်ဈေးပေး၍ ဒေသတွင်းဝါကြိတ်စက်ရုံများက ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)