
ပြည်ဈေးကွက်တွင် ယခု၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မြေပဲဆံဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။ ဆောင်းမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုနည်းသွားသော်လည်း တစ်နေ့လျှင် (၁၅) ပိဿာဝင် အိတ် (၂၀၀/၃၀၀) ခန့်အဝင်ရှိပြီး မြို့တွင်းဆီစက်သမားများနှင့် နယ်ဝယ်လက်များအဝယ်ရှိ၍ တစ်နေ့လျှင် (၁၅) ပိဿာဝင် အိတ်၃၀၀ခန့် ဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆံဈေးနှုန်းများမှာ ယခုနိုဝင်ဘာလ ပထမပတ်တွင် ဆီကြိတ်မြေပဲဆံ (အဖြူ) တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (အနီ) တစ်ပိဿာလျှင် ၅၂၀၀ကျပ်နှင့် လုံးဆံ (အဖြူ) တစ်ပိဿာလျင် ၅၈၀၀ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် ၅၈၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာလ လကုန်ပတ်အတိုင်း ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်မှာ နေ့စဉ် ပုံမှန်ဖြစ်လျက်ရှိပါသည်။ မြေပဲဆီဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဖြင့် ပြည်မြို့ရှိ ဈေးများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)