ပြည်မြို့တွင်ရောင်းချနေသော စားသုံးဆီဈေးနှုန်းများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်မြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါ သည်။

   ပြည်မြို့ပေါ်တွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချသောဆိုင်များရှိပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ ပထမပတ်တွင်လည်း စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)