
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပုဇွန်ခြောက်နှင့် ငါးခြောက်အမျိုးမျိုးတို့ကို မင်းဘူးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့တို့မှ မှာယူ၍ရောင်းဝယ်ဖောက်ကား လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ခြောက်နှင့်ငါးခြောက် ဈေးနှုန်းများမှာ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀၀)၊ ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀)၊ ငါးအုံးခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးခုံးမ(ငါးပိကောင်)(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါး ဘတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)၊ ငါးနီတူခြောက် အကောင်အကြီးအသေးအလိုက် (၁)ပိဿာ လျှင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ ပလာတူးငါးခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ရွှေငါးလေးငါးခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ပုဇွန်ခြောက် အကောင်(အသေး၊ အလတ်၊ အကြီး) အရွယ်အစားပေါ် မူတည်၍ (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၈၀၀၀၀ - ၉၀၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း ပုဇွန်ခြောက် နှင့်ငါးခြောက်ရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)