ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတတိယပတ်တွင် စပါးစျေး အနည်းငယ်မြင့် လာသော်လည်း ဆန်စျေးမှာစျေးငြိမ်နေခဲ့ပါသည်။ ပြည်ခရိုင်ရှိမြို့နယ်များမှ ရန်ကုန်သို့ အများဆုံး တင်ပို့မှုရှိပြီး တစ်ရက်လျှင် ဆန်အိတ်ရေ ၃၈၀၀၊ တန်ချိန် ၁၉၀ထိ တင်ပို့ရောင်းချမှု ရှိကြောင်းသိရ ပါသည်။ ပြည်ခရိုင်မြို့နယ်များအတွင်း ဖြစ်ပေါ်နေသောစပါးစျေးနှုန်းများမှာ ဧည့်မထအုပ်စု စပါးတင်း ၁၀၀လျှင် ၆၅၀၀၀၀-၆၆၀၀၀၀ ကျပ်၊ မှော်ဘီစပါးအုပ်စုမှာ ၇၁၀၀၀၀ ကျပ်၊ ဒေသထွက် တောင်ပျံပေါ်ဆန်းစပါးစျေးမှာ ၈၅၀၀၀၀ကျပ်ဖြစ်ပါသည်။ ဧည့်မထအုပ်စုအနေနဲ့ ကရင်မဆန် ၂၄ပြည် တစ်အိတ်လျှင် ၂၃၀၀၀-၂၅၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၂၂၅၀၀ကျပ်၊ ကျော်ဇေယျ ဆန်တစ်အိတ်လျှင် ၂၃၀၀၀ကျပ်၊ အထူးဧည့်မထအုပ်စုဖြစ်သော ရိုးနီဆန်တစ်အိတ်လျှင် ၃၃၀၀၀ ကျပ်ထိစျေးရှိပြီး တောင်ပျံ့မွှေးဆန် တစ်အိတ်လျှင် ၄၀၀၀၀ကျပ်ဖြင့် ပြည်ခရိုင်အတွင်း မြို့နယ်များ တွင်အရောင်းအဝယ်ဖြစ်ပြီး၊ စပါစျေးမှာအနည်းငယ်မြင့်၍ ဆန်စျေးငြိမ်နေသည့်အတွက် ဆန်စက် ပိုင်ရှင်များအနေဖြင့် တွက်ခြေကိုက်မှုနည်းပါးလျက်ရှိကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ပြည်ခရိုင်ဦးစီးမှူးရုံး(ပြည်)