ပြည်ပသီးနှံ ဝင်စွက်လို့ ဒို့သီးနှံ ဈေးကွက် ကယက်ထတော့မှာလား

Powered by Drupal

    ကြက်သွန်ဖြူသည် ရှမ်းပြည်နယ်၏ အဓိက ထွက်ကုန် တမျိုးဖြစ်သည်၊။ မြန်မာကြက်သွန် ဖြူဈေးကွက်တွင် တရုတ်ကြက်သွန်ဖြူ (ကျူကုတ်) ရှမ်းကြက်သွန်ဖြူနှင့် အညာဒေသမှ အနည်း ငယ် ထွက်ရှိရောင်းဝယ်နေကြပြီး အညာဒေသမှာလည်း ရှမ်းကြက်သွန်ဖြူ မျိုးရင်းနှင့် စိုက်ပျိုးနေကြရာ ရှမ်းကြက်သွန်ဖြူပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကြက်သွန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ အရည်အသွေးနှင့်ဈေးနှုန်းအရ ဈေးကွက်ဝေစု ၃ ပုံ ၂ ပုံနှင့် တရုတ်ကြက်သွန်ဖြူ(ကျူကုတ်)သည် ဈေးကွက်ဝေစု ၃ပုံ ၁ပုံခန့် ရရှိနေပါသည်။

          ကြက်သွန်ဖြူသည် မိသားစုတိုင်း စားသုံးကြသည့် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ ကြက်သွန်ဖြူ သုံးစွဲမှုအရ လူတစ်ဦးလျှင် တစ်ရက် ၀.၁၂ကျပ်သား၊ တစ်လလျှင် ၀.၀၄ ပိဿာနှင့် တစ်နှစ်လျှင် ၀.၄၃ ပိဿာခန့် စားသုံးနေသည်ဟု လေ့လာသိရှိရပါသည်။ အောင်ပန်းဒေသ ကြက်သွန်ဖြူ ကုန်သည်၊ ပွဲစားများသည် ကြက်သွန်ဖြူပေါ်ချိန်တွင် တစ်ရက်လျှင် ကုန်စည် ပိဿာချိန် (၈၀၀၀) ခန့်နှင့် ရောင်းဝယ်မှုပါးချိန်တွင် တစ်ရက်လျှင် ပိဿာချိန် (၂၀၀၀) ခန့် မြန်မာပြည်အနှံ့ တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။

          တရုတ်ကြက်သွန်ဖြူ(ကျူကုတ်)သည် အလုံးဆိုဒ် ကြီး၍ ဈေးနှုန်းသင့်တင့်သဖြင့် စား သောက်ဆိုင်အသေးစားလုပ်ငန်းများတွင် အသုံးများပါသည်။ အနံ့အရသာမှာ ရှမ်းကြက်သွန်ဖြူ လောက်မပြင်းဘဲ အလုံးဆိုဒ်ကြီး၍ အသုံးပြုရာတွင် လက်မဝင်ဘဲ အခွံခွာရလွယ်ကူစေသည့် အတွက် တရုတ်ကြက်သွန်ဖြူ (ကျူကုတ်)သည် ရှမ်းမြောက်မှတဆင့် မြန်မာပြည်တွင်းသို့စီးဆင်း ဝင်ရောက်လာပါသည်။

          ရှမ်းကြက်သွန်ဖြူကို ဩဂုတ်လနှင့် စက်တင်ဘာတို့တွင် စိုက်ပျိုးရန် မြေပြုပြင်ခြင်းပြု လုပ်ကြပါသည်။ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုး၍ ဒီဇင်ဘာလမှ ဇန်နဝါရီလတို့ တွင်အပင်ပြစုခြင်းဆောင်ရွက်ကြပါသည်။ ဖေဖော်ဝါရီလမှ မေလတို့တွင်ရိတ်သိမ်းတူးဖော်၍ ဈေး  ကွက်သို့ တင်ပို့ရောင်းချကြပါသည်။ တောင်သူများကလည်း သီးနှံ ထွက်ချိန်မှစ၍ သိုလှောင်ပြီး သင့်တင့်သောဈေးနှုန်းရလျှင် ရောင်းချကြပေသည်။ ထို့ကြောင့် နှစ်တစ်နှစ်ကို နှစ်ပိုင်းခွဲလျှင် ဂျူလိုင်လမှ ဒီဇင်ဘာလအထိ (၆)လ ခန့် စိုက်ပျိုးပြုစု ရိတ်သိမ်းချိန်ဖြစ်ပြီး တောင်သူများထံတွင် လက်ကျန်ပါးနေသည့် အချိန်ဖြစ်သည်။ ကျန်သည့် ဇန်နဝါရီမှ မေလအထိ တောင်သူများ ကြက်သွန်ဖြူပေါ်ချိန်တွင် သိုလှောင်၍ ဈေးကောင်းစောင့်ချိန်ဖြစ်ပေသည်။ ထို့ကြောင့် စက်တင်ဘာ- အောက်တိုဘာ-နိုဝင်ဘာလများသည် တောင်သူများထံတွင် သီးနှံလက်ကျန်ပါး၍ ဈေးကွက်သို့ အဝင်ပါးချိန် ဈေးတက်လေ့ရှိချိန် အဖြစ် သုံးသပ်ရပေမည်။ ထိုသို့ ဆောင်းဦးပေါက် ပွင့်လင်းရာသီတွင် မြန်မာပြည်တဝှမ်း အလှူအတန်း ပြုလုပ်ကြရာ ဟင်းအမယ်များတွင် ပါဝင်အသုံးပြုရသော ကြက်သွန်ဖြူသည် ဈေးကွက်လိုအပ်ချက် ဖြစ်လာပါသည်။ ထိုအချိန်အထိ စောင့်နိုင်လျှင် တောင်သူများ ဈေးကောင်း ရပေမည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။

          ရှမ်းတောင် ကြက်သွန်ဖြူ စိုက်ဧကမှာ ၂၀၂၂ ခုနှစ်တွင် နယ်မြေဒေသအခြေအနေကြောင့် စိုက်ဧက အနည်းငယ် လျော့ကျသည်ကတကြောင်း အထွက်နှုန်းလျော့ကျသည့် အကြောင်းတို့ ကြောင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဈေးကွက်လိုအပ်ချက် ဖြစ်ပေါ်လာပါသည်။

          ထိုဖြစ်စဉ်များအပြင် ယခုနှစ် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် တရုတ်ကြက်သွန်ဖြူ (ကျူကုတ်)သည်လည်း လမ်းပန်းအခက်ခဲကြောင့် ကုန်စည် ဝင်ရောက်မှု ရပ်ဆိုင်းခဲ့ရသဖြင့် ကျူကုတ် တစ်ပိဿာ (၈၅၀၀) ကျပ်ခန့်မှ (၁၄၀၀၀)ကျပ်ခန့်အထိ မြင့်တက်ခဲ့ ရာ ရှမ်းကြက်သွန်ဖြူ အဝင်ပါးချိန် တရုတ်ကြက်သွန်ဖြူပါ အဝင်မရှိတော့သည့်အတွက် ဈေးနှုန်း၊ ဈေးကွက် ရုတ်တရက် ဂယက်ရိုက်ခဲ့ရာ ရှမ်းကြက်သွန်ဖြူပါ ဈေးကွက်တွင် မြင့်တက်ခဲ့ လေသည်။ ရှမ်းကြက်သွန်ဖြူ၏ လအလိုက် ဈေးနှုန်းဈေးကွက်ကို ဇယား (၁) ဖြင့် တင်ပြရပေသည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းစာရင်း

စဉ်

လအမည်

၂၀၁၇

၂၀၁၈

၂၀၁၉

၂၀၂၀

၂၀၂၁

၂၀၂၂

၂၀၂၃

January

၃၀၀၀-၅၅၀၀

၁၄၀၀-၂၇၀၀

၅၀၀-၁၈၀၀

၂၀၀၀-၄၁၀၀

၂၀၀၀-၄၅၀၀

၃၂၀၀-၃၇၀၀

၄၂၀၀-၆၅၀၀

February

၃၀၀၀-၆၀၀၀

၁၇၀၀-၂၇၀၀

၃၀၀-၁၈၀၀

၃၅၀၀-၅၅၀၀

၃၂၀၀-၅၄၀၀

၃၀၀၀-၃၅၀၀

၃၇၀၀-၆၂၀၀

March

၁၀၀၀-၁၈၀၀

၂၅၀-၁၄၀၀

၃၀၀-၁၄၀၀

၂၀၀၀-၂၆၀၀

၂၃၀၀-၃၀၀၀

၁၇၀၀-၂၉၀၀

၅၄၀၀-၇၅၀၀

April

၁၇၀၀-၂၆၀၀

၂၅၀-၁၂၀၀

၃၀၀-၁၆၀၀

၂၀၀၀-၂၆၀၀

၂၀၀၀-၂၉၀၀

၂၀၀၀-၂၈၀၀

၃၅၀၀-၆၀၀၀
၅၇၀၀-၇၈၀၀

May

၁၈၀၀-၃၀၀၀

၄၀၀-၁၄၀၀၀

၈၀၀-၂၄၀၀

၁၀၀၀-၂၄၀၀

၁၂၀၀-၂၅၀၀

၁၇၀၀-၂၈၀၀

၃၅၀၀-၆၆၀၀

June

၁၉၀၀-၂၉၀၀

၄၀၀-၁၅၅၀

၁၁၀၀-၃၀၀၀

၁၂၅၀-၂၃၀၀

၁၄၀၀-၂၇၀၀

၁၄၀၀-၃၅၀၀

၇၂၀၀-၈၉၀၀

July

၁၇၀၀-၂၉၀၀

၄၀၀-၁၅၅၀

၁၁၀၀-၃၁၀၀

၁၂၀၀-၂၄၀၀

၁၃၀၀-၂၆၀၀

၃၀၀၀-၅၅၀၀

၇၅၀၀-၇၈၀၀

August

၁၆၀၀-၂၉၀၀

၃၀၀-၁၃၀၀

၁၁၀၀-၃၁၀၀

၁၂၅၀-၂၃၅၀

၁၃၀၀-၂၆၀၀

၃၂၀၀-၆၀၀၀

၇၅၀၀-၈၃၀၀

September

၂၀၀၀-၄၀၀၀

၃၀၀-၁၄၀၀

၁၁၀၀-၃၁၀၀

၁၅၀၀-၂၆၀၀

၁၃၀၀-၂၁၀၀

၃၅၀၀-၆၅၀၀

၈၄၀၀-၉၀၀၀

၁၀

October

၁၉၀၀-၂၉၀၀

၄၀၀-၁၅၅၀

၁၁၀၀-၃၅၀၀

၁၀၀၀-၂၃၀၀

၁၀၀၀-၁၈၀၀

၂၂၀၀-၂၈၀၀

၄၀၀၀-၆၀၀၀

၁၁

November

၂၀၀၀-၃၀၀၀

၄၀၀-၁၅၀၀

၁၆၀၀-၃၉၀၀

၁၅၀၀-၂၆၀၀

၁၆၀၀-၂၆၀၀

၃၀၀၀-၅၅၀၀

၁၁၀၀၀-၁၅၀၀၀၀

၁၂

December

၂၀၀၀-၃၀၀၀

၃၀၀-၁၅၅၀

၁၇၀၀-၄၀၀၀

၁၅၀၀-၂၉၀၀

၁၇၀၀-၂၉၀၀

၃၅၀၀-၆၀၀၀

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နှစ်အလိုက် ဈေးနှုန်းဈေးကွက်အရ သီးနှံတောင်သူ လက်ကျန်ပါးချိန် စက်တင်ဘာလ လောက်မှစ၍ သီးနှံပေါ်ချိန် ဇန်နဝါရီလ အထိ ဈေးမြင့်လျှက်ရှိနေကြောင်းသုံးသပ်ရပေမည်။ ရှမ်း ကြက်သွန်ဖြူသည် ပြည်တွင်းဈေးကွက်ကိုသာ ရောင်းဝယ်ဖြန့်ဖြူးလျက်ရှိရာ ဈေးကွက်လိုအပ်ချက် ပြည့်မီရန် တိုးချဲ့စိုက်ပျိုးသင့်ပါသည်။ မြန်မာပြည်တွင် ရှမ်းကြက်သွန်ဖြူ အသုံးများပါသည်။ အနံ့အရသာ ကောင်းမွန်ခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြခြင်း၊ သိုလှောင်ရာတွင် အလေအလွင့်နည်းခြင်းစသည့် အားသာချက်များကြောင့် အသုံးပြုသူများပြားပါသည်။ စိုက်ပျိုး သူတောင်သူများမှာလည်း သွင်းအားစု စရိတ်ကြီးမာခြင်း၊ မျိူးစေ့အတွက် အရင်းအနှီးများလာခြင်း၊ တစ်ဧက ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စက်သုံးဆီများမှာလည်း ၂၀၂၂ ခုနှစ် ၅လပိုင်းလောက်မှစ၍ တစ်ဖြည်းဖြည်းမြင့်တက်ခဲ့ရာ ဈေးကွက်အရောက် သယ်ယူစရိတ်များ မြင့်မားလာခဲ့ပါသည်။

     အာလူးဈေးကွက်ဆိုပါကလည်း ပြည်ပမှတရုတ်အာလူးအပြင် ဘင်္ဂလားဒေ့ရှ်မှအာလူးသီးနှံများ ဝင်ရောက်မှုကြောင့် ဈေးကွက်မငြိမ်ဖြစ်နေရသည်ကို လေ့လာသိရှိရပါသည်။ ဘယ်သူတွေ နစ်နာသလဲ။ စားသုံးသူများပင်ဖြစ်ပေသည်။

      ဈေးနှုန်း၊ ဈေးကွက် ကြီးမြင့်လာမှုကြောင့် အသေးစားအလတ်စား ထုတ်ကုန်များသည် လည်း ဈေးကွက်တွင် ဆက်လက်ရှင်သန်ဖို့ရာ ကုန်ကြမ်းပစ္စည်းများကို အရည်အသွေးမပြည့်မီသည်များ အသုံးပြုခြင်းအရေအတွက် လျှော့ချ၍ သုံးခြင်းတို့ကြောင့် စားသုံးသူများအတွက် ဘေး ကင်းလုံခြုံသည့် ကုန်စည်များ ရှားပါးလာပေသည်။

      အထက်ပါဖြစ်စဉ် ဖြစ်ရပ်များအရ ကုန်စည်ဈေးနှုန်းကြီးမြင့်ရာတွင် ပွဲစားများပြောစကား များအရ ဈေးကွက်တွင် “အဟုတ်ကြီးနှင့် လုပ်ကြီး”ဟူ၍ ရှိလေသည်။ အမှန်တကယ် ကြက်သွန် သီးနှံ တောင်သူလက်ကျန်နည်း၍ ဈေးကွက်တွင် ကုန်ဝင်ပါးခြင်း၊ ဈေးကွက်လိုအပ်ချက်များလာ ခြင်း၊သယ်ယူပို့ဆောင်စရိတ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစရိတ်မြင့်မားလာခြင်းအကြောင်းတို့ကြောင့် ဈေးနှုန်းမြင့်လာခြင်းသည် အမှန်တကယ်ဈေးနှုန်းမြင့်မားခြင်းဖြစ်ပေသည်။ ထို ဖြစ်ရပ်များသည် သီးနှံစိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်ပွဲစား၊ ရောင်းချဖြန့်ဖြူးသူ မည်သူ့ကိုမျှ ဆိုစရာမရှိပေ။ သို့သော်ဈေးကွက်ဝေစုကို ဦးဆောင်ထားသော်လည်း ကုန်စည်ဖြင့် ကုန်ဈေး နှုန်းကြီးမြင့်အောင် ထိန်းချုပ်ထားခြင်း၊ ဈေးကွက် လိုအပ်ချက်ကို အသုံးပြု၍ ကုန်စည် ဈေးနှုန်းချုပ်ကိုင်ထားခြင်း၊ ပြည်ပသီးနှံ ဝင်ရောက်မှု နည်းပါးခြင်းကို အကြောင်းပြ၍ ဈေးနှုန်ူးကို လိုအပ်သလို ကစားလေ့ရှိခြင်းတို့သည် (လုပ်ကြီး) ဖြစ်ပေသည်။ မလိုလားအပ်ဘဲ ဈေးနှုန်းမြင့် တင်ခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

    ပြည်တွင်းသုံးသီးနှံများတွင် စားဖိုဆောင်သီးနှံနှင့် ကုန်စိမ်းသီးနှံများသည် စားသုံးသူတိုင်းကို တိုက်ရိုက်သက်ရောက်မှုရှိသဖြင့် အရောင်းအဝယ်လောကသားတိုင်း အဟုတ်ကြီးသာဖြစ်ပါစေ လုပ်ကြီးမဖြစ်ဖို့ဆင်ခြင်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)