
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ (၉-၁၁-၂၀၂၃) ရက်နေ့မှ (၁၃-၁၁-၂၀၂၃) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်-ရှယ်) ၁ပိဿာလျှင် အနိမ့်ဈေး ၁၃၅၀၀/-ကျပ်မှ အမြင့်ဈေး ၁၄၅၀၀/-ကျပ်ထိလည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) ၁ပိဿာလျှင် ၁၁၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) ၁ပိဿာလျှင် ၁၁၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၄) ၁ပိဿာလျှင် ၁၂၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) ၁ပိဿာလျှင် ၁၂၅၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ငရုတ်သီး (ဆင်ဖြူကျွန်း-ပု) ၁ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး (အိမ်မဲ-ရှည်) ၁ပိဿာလျှင် ၆၀၀၀/-ကျပ်မှ ၇၀၀၀/-ကျပ်ထိလည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) ၁ပိဿာလျှင် ၇၀၀၀/-ကျပ်မှ ၉၀၀၀/ကျပ်ထိလည်းကောင်း၊ ငရုတ်သီး မြစ်ဝ(ပု) တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်မှ ၁၆၀၀၀/ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (ကပ်ပွင့်) ၁ပိဿာလျှင် ၁၁၀၀/-ကျပ်မှ ၁၂၀၀/-ကျပ်ထိလည်းကောင်း၊ မန်ကျည်းသီး (အသား) ၁ပိဿာလျှင် ၁၉၀၀/-ကျပ်မှ ၂၅၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (အိတ်သွတ်စ) ၁ပိဿာလျှင် ၃၁၀၀/-ကျပ်မှ ၃၂၀၀/-ကျပ်ထိလည်းကောင်း၊ ကြံသကာ (သစ်) ၁ပိဿာလျှင် ၄၁၀၀/-ကျပ်မှ ၄၂၀၀/-ကျပ်ထိလည်းကောင်း၊ သကြား (ပြည်တွင်း) ၁ပိဿာလျှင် ၃၈၂၀/-ကျပ်မှ ၃၈၄၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (တောင်သာ) ၁ပိဿာလျှင် ၃၉၀၀/-ကျပ်မှ ၄၀၀၀/-ကျပ်ထိလည်းကောင်း၊ ထန်းလျက် (ညောင်ဦး) ၁ပိဿာလျှင် ၄၂၀၀/-ကျပ်မှ ၄၃၀၀/-ကျပ်ထိလည်းကောင်း ရေစကြိုထန်းလျက် ၁ပိဿာလျှင် ၅၅၀၀/-ကျပ်မှ ၅၆၀၀/-ကျပ်ထိလည်းကောင်း၊ အာလူး (တရုတ်) ၁ပိဿာလျှင် ၃၇၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁ပိဿာလျှင် ၂၄၀၀/-ကျပ်မှ ၃၇၀၀/-ကျပ်ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်သာ အတက်အကျဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။
DOCA(ရန်ကုန်)