မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲဈေးတွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများ

Powered by Drupal

    မင်္ဂလာတောင်ညွန့်မြို့နယ်၊  ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်ကောင်း အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ကြက်/ဘဲဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင် ကျပ်(၁၂၅၀၀/၁၃၀၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ကျပ်(၆၅၀၀/၆၆၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ်(၇၅၀၀/၉၀၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၇၅၀၀/၇၆၀၀)၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။  

DOCA(ရန်ကုန်)